top of page
Search

စာနာစိတ်

  • Writer: Lk Tuang Tuang
    Lk Tuang Tuang
  • Jan 28, 2021
  • 1 min read


လူတစ်ချို့က

မျက်လုံးနှစ်လုံး

ပါတာချင်းအတူတူ

အကောင်းမြင်ဖို့ထက်

အဆိုးမြင်နဲ့ပဲ

ကြည့်တတ်ကြတယ်။


လက်နှစ်ဖက်

ပါတာချင်းအတူတူ

ဖေးမဖို့ထက်

တွန်းချဖို့ပဲ

ကမ်းလင့်တတ်ကြတယ်။


လူတွေရဲ့သဘောက

သူများအနာကိုမြင်ရင်

ကြိတ်ပျော်တတ်ကြပေမယ့်

ကိုယ့်အနာကိုကျ

မြတ်မြတ်နိုးနိုးနဲ့

နာတတ်လိုက်ကြတာ...



ဘယ်လိုပြောရမလဲလို့

ပြင်နေတဲ့ပါးစပ်က

ဘယ်လောက်

နာကျင်သွားမလဲဆိုတဲ့

တစ်ဖကျသားကို

မသနားတတ်ကြဘူး။


နူတ်ခမ်းဖျားကသာ

အသားစတွေ

မခြောက်သေးတာ...

ပါးစပ်ဖျားကတော့

သနား,ညာတာ,စာနာမူတွေကို

သီကုံးဖွဲ့လို့မဆုံးဘူး။


လူပီသချင်ရင်

ကိုယ့်ကိုယ်ကိုချစ်ဖို့လိုသလို

သူတစ်ပါးကိုလည်း

ကိုယ့်ရဲ့စိတ်ရင်းကောင်းနဲ့

ညှာတာ,စာနာတတ်ရတယ်။


စာနာစိတ်ဆိုတာ

ပါးစပ်ဖျားမှာ

ထားရမှာမဟုတ်ဘူး။

ရင်ထဲကိုပို့ပြီး

နှလုံးသားနဲ့ရင်းပြီး

ပြောရမယ့်အရာပါ။


ဘာပဲဖြစ်ဖြစ်

ကိုယ့်လုပ်ရပ်,ကိုယ့်စိတ်ဓာတ်နဲ့

ကိုယ့်ဆုံးဖြတ်ချက်တွေကသာ

ကိုယ့်ရဲ့ကံကြမ္မာပဲလေ။

ဆင်ခြင်ဖို့ပဲလိုတာပါ။


မူရင်းရေးသားသူအား

Credit ပေးပါ၏။

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Tuangpi. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page